ကုမ္ပဏီ မိတ်ဆက်ခြင်း

An Dat Phat Jsc သည် အရည်အသွေးမြင့် OSPEN တံဆိပ် HDPE flexible Pipes (မြောင်းအတွန့်များ နှင့် ကွေးခေါက်နိုင်သော ပိုက်များ) ကို ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီ ကြီးဖြစ်ပါသည်။(အချင်း ၂၅ မီလီမီတာ မှ ၂၅၀ မီလီမီတာ အထိရရှိနိုင်ပါသည်)။ OSPEN တံဆိပ် HDPE Flexible Pipes များနှင့် ၎င်း၏ ပိုက်ဆက်များ ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရန်နှင့် သုံးစွဲသူများ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရန် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နောက်ဆုံးပေါ် နည်းပညာများ အသုံးပြု၍ တင်းကျပ်တိကျသော စစ်ဆေးမှုများနှင့် ဆောင်ရွက်နေပါသည်။

ospen hdpe flexible pipes

ထုတ်လုပ်ပြီးသော ပိုက်များ အားလုံးကို အမျိုးမျိုးသော အရည်အသွေးစစ်ဆေးခြင်း နည်းစနစ်များဖြင့် စစ်ဆေးပါသည်။ပိုက်များ အပြစ်အနာအဆာရှိမရှိ မျက်မြင်စစ်ဆေးခြင်း၊ အတိုင်းအတာများ တိကျမှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း ၊ အရည်ယိုစိမ့်မှု စမ်းသပ်ခြင်း ဖြင့် လည်း သုံးစွဲသူများ ဆီသို့ အကောင်းဆုံးသော အရည်အသွေး ကို ကြာရှည်စွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ထားပါသည်။

HDPE flexible pipes (HDPE corrugated pipe)

An Dat Phat Jsc,. ကုမ္ပဏီမှ ထုတ်လုပ်​သော OSPEN တံဆိပ် HDPE Flexible Pipes ( မြောင်းအတွန့်များနှင့် ကွေးဆန့်နိုင်သောပိုက်များ) ၏ ကြံ့ခိုင်တောင့်တင်းသော ဒီဇိုင်း ၊ ခံနိုင်ရည် ကောင်းသော တည်ဆောက်ပုံ၊ ချောမွေ့သော အနားသတ်မှု၊ အတိုင်းအတာတိကျမှု၊ စိမ့်ထွက်မှု မရှိခြင်း၊ အလွယ်တကူ တပ်ဆင်နိုင်ခြင်း၊ ကြာရှည်ခံနိုင်မှု ၊ မြင့်မားသော ဖိအားများနှင့် အပူချိန် ခံနိုင်မှု များနှင့် မညီညာ ကြမ်းတမ်းသော နေရာများတွင် လည်း ကြာရှည်ကောင်းမွန်စွာ သုံးစွဲနိုင်သော အရည်အသွေးများ သည် သုံးစွဲသူများ တောင့်မခံနိုင်ပဲ ချက်ချင်းဝယ်ယူသုံးစွဲစေရန် ဆွဲဆောင် နေသည့် အချက်များ ဖြစ်သည်။

မိမိတို့ ပိုက်များ ကို လမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် မြေအောက် လျှပ်စစ်သွယ်တန်းခြင်း ၊ အမြန်လမ်း တည်ဆောက်ရေးလုပ်ငန်းများ၊ ပန်းခြံများ ၊ အဆောက်အအုံများ၊ မီးပွိုင့်များ လျှပ်စစ်ကြိုးသွယ်တန်းခြင်း စသည့် အသုံးပြုနိုင်သော နယ်ပယ်အသီးသီးကို ရောင်းချ နေပြီးဖြစ်ပါသည်။

OSPEN, ကုမ္ပဏီ သည် အမြဲပြောင်းလဲနေသော လိုအပ်ချက်များနှင့် အသုံးပြုနိုင်စွမ်းများ အတွက် OSPEN HDPE pipe နှင့် fitting များသည် ခေတ်မီကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်လာစေရန် လေ့လာမှုလုပ်ငန်းများတွင် လည်း အများအပြားမြှပ်နှံထားပါသည်။OSPEN ပိုက်များသည် HDPE ကုန်ကြမ်းများဖြင့်ပြုလုပ်ထားပြီး ၎င်း ဓာတုကုန်ကြမ်းသည် ကြာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော ရွေးချယ်မှု ဖြစ်ပါသည်။ အကောင်းဆုံးသော အရည်အသွေးမြင့်ပိုက်များကို ဈေးနှုန်းသက်သာစွာ ဖြင့် သုံးစွဲသူများကို ထောက်ပံ့ပေးနိုင်ပါသည်။

OSPEN တံဆိပ် HDPE FLEXIBLE Pipes နှင့် fittings များ၏ အသုံးဝင်မှု နှင့် စွမ်းဆောင်နိုင်မှု များကို စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်းများ တွင် ဖောက်သည်အများအပြား ရရှိနေခြင်းဖြင့် သက်သေပြထားပြီး ဖြစ်ပါသည်။ အချိုသာဆုံးဈေးနှုန်းများနှင့် အရည်အသွေးကောင်းမွန်သော HDPE FLEXIBLE Pipes နှင့် fittings များကို အသုံးပြုမည်ဆို လျှင် OSPEN brand ကိုသာ ယုံကြည်စွာ ရွေးချယ်ပါ။

Why OSPEN is different?

ကျွန်တော်တို့ ကုမ္ပဏီ သည် ရလဒ်၊ ယုံကြည်မှု၊ အမြဲဆန်းသစ်နေမှု၊ ပေါင်းစပ်မှု တို့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ ကုမ္ပဏီ ဖြစ်ပါသည်။ ကျွန်တော်တို့သည် မိမိတို့ ဝန်ထမ်းများ၊ မိမိတို့ တွဲဖက်များ နှင့် အထူးသဖြင့် သုံးစွဲသူများအတွက် ရင်းနှီးမြှပ်နှံနေပါသည်။ ကျွန်တော်တို့သည် အနာဂတ် သာမက ပစ္စုပန် အတွက်လည်း လူတိုင်းအတွက် ပိုမိုကောင်းမွန်တိုးတက်နေသော ဘဝများ ရရှိစေရန် မြှပ်နှံဆောင်ရွက်လျက်ရှိပါသည်။

Contact:  (+84)904.888.186 – Email: myanmar@andatphat.com – Support Team Sales